🇸🇬 စင်ကာပူနိုင်ငံ လာမည့် ၁၀-၁၅ နှစ်အတွင်း ဘယ်လိုပြောင်းလဲမလဲ??? 🇸🇬🗓️ URA ရဲ့ ၂၀၂၅ ခုနှစ် မူကြမ်းအစီအစဉ်များမှ သိထားသင့်တဲ့ အချက် ၅ချက်
- Steve Htet
- Jun 26
- 1 min read

စင်ကာပူက အနာဂါဏ် ၁၀-၁၅ နှစ် အတွက် မြို့တော်ရဲ့ ပုံရိပ်ကို မူကြမ်းရေးဆွဲထားပြီးပြီ။ ဒီမူကြမ်းအစီအစဉ်က အနာဂါဏ် အိမ်ရာ၊ အလုပ်အခွင့်အလမ်းများနှင့် နေ့စဉ်ဘဝတို့အပေါ် များစွာ သက်ရောက်မှုရှိတယ်။
၁) အိမ်ရာ ၈၀,၀၀၀ ကျော် တည်ဆောက်ခြင်း
Newton, Orchard, Dover-Medway, Marina South, Kranji, Bukit Timah Turf City အပါအဝင် မြို့လယ်နှင့် ဆင်ခြေဖုံးဒေသများမှာ အများပြည်သူအိမ်ရာ (HDB) နှင့် ကွန်ဒိုအိမ်ရာ (Private) ၊ အားလုံးပေါင်း အိမ်ရာ ၈၀,၀၀၀ ကျော် တည်ဆောက်သွားမည်။
MRT ဘူတာ၊ အလုပ်နေရာများ နှင့် မြို့လယ်မှာ နေထိုင်လိုပါက အခွင့်အလမ်းကောင်းများ ရရှိနိုင်တယ်။ ခရီးသွားလာရန် ပိုမိုလွယ်ကူကာ ပိုမိုအဆင်ပြေစေရန် ဖြစ်တယ်။
၂) ဒေသဆိုင်ရာ စီးပွားရေးစင်တာများ တိုးချဲ့ခြင်း
Jurong Lake District, Bishan နှင့် Woodlands Gateway ကဲ့သို့သော ဒေသဆိုင်ရာ စီးပွားရေးစင်တာများ တိုးချဲ့သွားမည်ဖြစ်တယ်။ ဒေသဆိုင်ရာ စီးပွားရေးစင်တာများမှာ ရုံးများ၊ ဈေးဆိုင်များနှင့် အိမ်ရာများ ရောနှောတည်ရှိမည်ဖြစ်ပြီး လူနေရပ်ကွက်အနီးတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်တယ်။ အိမ်နှင့်နီးတဲ့ အလုပ်အကိုင်များ ပိုမိုရှိပြီး အလုပ်အသွားအပြန် စိတ်ဖိစီးမှု လျော့ကျစေရန် ဖြစ်တယ်။
၃) သက်ကြီးရွယ်အိုများ လွတ်လပ်စွာ နေထိုင်ခြင်း
စင်ကာပူက အကူအညီလိုအပ်သော နိုင်ငံသား သက်ကြီးရွယ်အိုများအတွက် အိမ်ရာများနှင့် ဝန်ဆောင်မှုများကို ပိုမိုတည်ဆောက်သွားမည်ဖြစ်ပြီး ကိုယ့်ရပ်ကွက်မှာ သက်တောင့်သက်သာနေထိုင်နိုင်ရန်ဖြစ်တယ်။ ၂၀၂၆ ခုနှစ်အတွင်း Kovan မှာ သက်ကြီးရွယ်အိုများ အတွက် ပထမဆုံးသော ပုဂ္ဂလိကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများ ပေါင်းစပ်ထားတဲ့ ပြည်သူ့အိမ်ရာများ ကို စီစဥ်ထားတယ်။ သက်ကြီးရွယ်အိုများ လွတ်လပ်စွာနေထိုင်နိုင်ပြီး မိသားစုနှင့် နီးစပ်စွာရှိနေနိုင်ရန်ဖြစ်တယ်။
၄) သမိုင်းဝင်နေရာများ ထိန်းသိမ်းခြင်း
Pasir Panjang English School နှင့် Bukit Timah Turf City ကဲ့သို့သော သမိုင်းဝင်နေရာများကို ထိန်းသိမ်းသွားမည်ဖြစ်တယ်။ ထို့အပြင် အရှေ့ကမ်းရိုးတန်းတစ်လျှောက် "Long Island" ကဲ့သို့သော ရေရှည်စီမံကိန်းများဖြင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုမှ ကာကွယ်သွားမည်ဖြစ်တယ်။
၅) စိမ်းလန်းသည့်နေရာများ၊ အားကစားနှင့် ရပ်ကွက်ဘဝများတိုးချဲခြင်း
အိမ်နှင့်နီးသော ပန်းခြံများ၊ ကစားကွင်းများနှင့် အပန်းဖြေနေရာများကို ပိုမိုရရှိနိုင်ရန် စီမံထားတယ်။ ၂၀၃၀ ခုနှစ်အတွင်း ပန်းခြံအသစ် ၂၅ ခုကျော်နှင့် ပန်းခြံဆက်သွယ်ရေးလမ်းများ (Park Connector) ၅၀ ကီလိုမီတာကျော် တည်ဆောက်သွားမည်ဖြစ်တယ်။ MRT တံတားအောက်နှင့် HDB အမိုးများကဲ့သို့သော အသုံးမပြုသည့်နေရာများကို အားကစားနှင့် လူမှုရေးပွဲများအတွက် အသုံးပြုသွားမည်ဖြစ်တယ်။
မြေအောက်နေရာများကို သိုလှောင်ရန်နှင့် အခြေခံအဆောက်အအုံများအတွက် အသုံးပြုရန် အစီအစဉ်များရှိပြီး မြေပြင်ပေါ်ရှိ နေရာများကို စိမ်းလန်းစိုပြည်စေရန် ဆောင်ရွက်သွားမည်ဖြစ်တယ်။
Woodlands နှင့် Sengkang လို နေရာများတွင် အားကစား၊ ဈေးစင်တာ၊ ကျန်းမာရေးနှင့် အပန်းဖြေစခန်းများ ပါဝင်သည့် ရပ်ကွက်စင်တာများ (Our Tampines Hub ကဲ့သို့) တည်ဆောက်သွားမည်ဖြစ်တယ်။
Source: URA Draft Master Plan 2025
Image: CNA




Comments