top of page

🌟 Law of Attraction က ဘယ်လိုအလုပ်လုပ်လဲ

  • Writer: Steve Htet
    Steve Htet
  • May 14, 2025
  • 1 min read

✅ ကျွန်တော်တို့အာရုံစိုက်တဲ့အရာက တကယ်ဖြစ်လာအောင်ဆွဲဆောင်ပေးတယ်။

✅ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြောတဲ့စကားက ကျွန်တော်တို့ရဲ့အမှန်တရားဖြစ်လာတယ်။

✅ ဒါကြောင့်ပဲ ဒီယုံကြည်ချက်ကြောင့် ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကို ဖန်တီးလာတယ်။

ကျွန်တော်တို့က "ငါမလုပ်နိုင်ဘူး" လို့ အမြဲတွေးနေရင်၊ အခွင့်အလမ်းတွေက ကိုယ့်ကို ရှောင်ဖယ်သွားမှာပါ။ ဒါပေမယ့် "ငါလုပ်နိုင်တယ်၊ ငါလုပ်မယ်" လို့ စတင်ယုံကြည်လိုက်တဲ့အခါ၊ တံခါးတွေက ကျွန်တော်တို့အတွက် ပွင့်လာတာကို ကျွန်တော်တို့မြင်ရပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်ယုံကြည်ထားတဲ့ Law of Attraction ဖြစ်ပါတယ်။

Law of Attraction ကို ဒီနေ့ကစပြီး အဆင့် ၃ ဆင့်နဲ့ စတင်လုပ်ဆောင်လို့ရပါတယ်။

1️⃣ ကိုယ့်ရဲ့အိပ်မက်ဘဝကို မြင်ယောင်ကြည့်ပါ

နေ့တိုင်း မနက်ခင်းမှာ နိုးလာလာချင်းဖြစ်စေ/ မျက်နှာသစ်ရင်းဖြစ်စေ.. ၅ မိနစ်လောက် ကိုယ့်ရဲ့အိပ်မက်ထဲက dream job ၊ အိမ်၊ ဒါမှမဟုတ် အောင်မြင်မှုကို ပုံဖော်ကြည့်ပါ။ ဒီအောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရမလဲဆိုတာ စိတ်ကူးကြည့်ပါ။ ဒါတွေက ပိုပြီးအမှန်နဲ့တူလာလေ၊ ကိုယ်ကဒီအိပ်မက်နဲ့ ပိုနီးစပ်လာလေပါပဲ။

2️⃣ ကိုယ့်ကိုယ်ကို ကောင်းတဲ့အရာတွေဘဲ ပြောကြည့်ပါ။

🚫 "ငါဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး" လို့ ပြောတာကို ရပ်လိုက်ပါ။

✅ "ငါအောင်မြင်မှုဆီကို သွားနေတယ်" လို့ စပြောပါ။ စကားလုံးတွေမှာ အစွမ်းရှိပါတယ်။ဒါတွေကို ပညာရှိရှိအသုံးချကြည့်ပါ။

3️⃣ သေးငယ်တဲ့ ကိစ္စရပ်တွေကနေ စပြီး ပုံမှန်လုပ်ဆောင်မှုတွေ လုပ်ပါ

တစ်ခါတစ်ရံကျရင် အသေးအဖွဲ ကိစ္စရပ်တွေကို ကျွန်တော်တို့က အမှုမဲ့ပစ်ထားမိတတ်ပါတယ်။ တကယ်တော့ ကြီးမားတဲ့ ကိစ္စရပ်တိုင်းဟာ သေးငယ်မှုလေးတွေကနေ အစပြူတယ်ဆိုတာ မမေ့ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အခုလို စာတွေရေးတက်ဖတ်တက်လာဖို့အတွက် ၀ လုံးကလေး ရေးတာကနေ အစပြုခဲ့သလို သင်္ချာပုစ္ဆာတွေ တွက်တတ်ဖို့အတွက် ၁-၂-၃-၄ ရေတွက်တာကနေ စတင်ခဲ့ကြသလို အသေးအဖွဲလေးတွေကနေ ကြီးမားတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။ ဒီလိုအသေးငယ်ဆုံးခြေလှမ်းတစ်ခုကတောင် ကျွန်တော်တို့အတွက် ရှေ့ကို တွန်းပို့နိုင်ပါတယ်။

👉 ဒီအဆင့်တွေကို စမ်းကြည့်ဖို့ မိတ်ဆွေတို့ရော အဆင်သင့်ဖြစ်ကြပြီလား။

Law of Attraction နဲ့ ပတ်သတ်ပြီး မိတ်ဆွေတို့ရဲ့ ပြီး အတွေးတွေကို comment မှာ မျှဝေရင်းအတူတူဆွေးနွေးလိုက်ကြရအောင်! ⬇️

 
 
 

Comments


bottom of page