စင်ကာပူအစိုးရရဲ့အနာဂတ်အစီအစဥ်
- Steve Htet
- Feb 27, 2025
- 1 min read

စင်ကာပူအစိုးရကတော့ အမြဲတမ်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်လေ့ရှိတာကိုတော့ အားလုံးသိကြပါတယ်။
ဒီနေရာမှာ အစိုးရက ဒီနှစ်ရဲ့ budget ကိုဘယ်လို သုံးစွဲသွားမလဲဆိုတာကို ပြောချင်ပါတယ်။
စင်ကာပူအစိုးရက ၂၀၂၅ ရဲ့ budget ကိုအဓိကအားဖြင့်
၁။ တဖြည်းဖြည်းတက်နေတဲ့ အသုံးစရိတ်၊ကုန်စျေးနှုန်းတွေရဲ့ ပြဿာနာကို လျော့ချပေးဖို့ရယ်၊
၂။ နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေကို မြှင့်တင်ပေးဖို့ရယ်နဲ့
၃။ နိုင်ငံ့အနာဂတ်ခိုင်မာဖို့အတွက်ရယ်ဆိုပီး အချက်သုံးချက်ကို ထည့်သွင်းစဥ်းစားပီးတော့ အခုလိုမျိုး စီစဥ်ထားပါတယ်။
အသုံးစရိတ်၊ကုန်စျေးနှုန်းတွေအတွက်ကို ကြည့်ရှုပေးရာမှာတော့
၁။ သူ့နိုင်ငံသားတွေအတွက် အိမ်ထောင်စုတစ်ခုစီကို စင်ကာပူဒေါ်လာ ၈၀၀ ပေးသွားမှာ ဖြစ်ပါတယ်။
၂။ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေအတွက် စင်ကာပူနှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ထပ်ပီး ဒေါ်လာ ၈၀၀ ကိုတိုးပေးသွားမှာ ဖြစ်ပါတယ်။
၃။ ဟော်ကာ(Hawkers) တွေနဲ့ စားသောက်ကုန် အသေးစားလုပ်သူများကို ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေကို မြှင့်တင်ပေးဖို့ဘက်မှာတော့
၁။ လုပ်ငန်းခွင်ဆိုင်ရာ အခွန်တွေကို တစ်၀က်ပြန်ပီး ပြန်တောင်းဆိုနိုင်ခွင့်ရှိမှာဖြစ်ပါတယ်။
၂။ ဆန်းသစ်တီထွင်မှုကို ပိုမိုအားပေးမြှင့်တင်ဖို့ နိုင်ငံရန်ပုံငွေဒေါ်လာသန်း ၃၀၀၀ မတည်ပီး ဆန်းသစ်တီထွင်သူတွေကိုထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
၃။ Artificial Intelligence (AI) ရယ် Advanced Computing Initiative နဲ့ပတ်သက်တဲ့ လုပ်ငန်းများကို ဒေါ်လာသန်း ၁၅၀ မတည်ပီးတော့ ထပ်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
၄။ နိုင်ငံတွင်းရှိတဲ့ လုပ်ငန်းတွေကို ပိုမို ကြီးထွားစေရန်အတွက်လည်း ဒေါ်လာသန်း ၁၀၀၀ ကို ထုတ်ချေးသွားမှာလည်းဖြစ်ပါတယ်။
နိုင်ငံရဲ့ အနာဂတ် ခိုင်မာစေရန်ဘက်မှာကျဝောာ့
၁။ ပိုမိုသန့်ရှင်းတဲ့စွမ်းအင်ရရှိရေးအတွက် နျူးကလီးယား စွမ်းအင်ကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
၂။ semiconductor သုတေသန လုပ်ငန်းတွေအတွက်လည်း စင်ကာပူဒေါ်လာ သန်း ၁၀၀၀ ကို ထုတ်သုံးသွားမှာဖြစ်ပါတယ်။
၃။ အလုပ်လုပ်နေသူများအတွက် အရည်အချင်းကို မြှင့်တင်ဖို့ အထောက်အပံ့တွေလည် ပေးသွားမှာလည်း ဖြစ်ပါတယ်။
စင်ကာပူက ဒီလို အစီအစဥ်တွေနဲ့ နိုင်ငံ့စီးပွားရေးကို မြှင့်တင်ပီးတော့ နိုင်ငံသားတွေအတွက် အကျိုးရှိအောင် လုပ်ရင်း သူရဲ့အနာဂတ်ခိုင်မာဖို့တည်ဆောက်နေပါတယ်။ Artificial Intelligence ကို အသုံးချရင်း အနာဂဏ် ရည်ရှည်ခိုင်ခံ့ရန် သေချာစီမံထားတဲ့အစီအစဥ်များ နှင့် ဆန်းသစ်တီထွင်မှုတွေက နိုင်ငံတိုးတက်မှုကို ဆက်လက်ဖြစ်ထွန်းသွားစေမှာ ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း စင်ကာပူရဲ့ 2025 budget plan ကိုဘယ်လိုထင်ပါသလဲ။




Comments