top of page

မိတ်ဆွေတို့ အလုပ်၊ ကျွမ်းကျင်မှု၊ လုပ်ငန်းတွေ နောက်ငါးနှစ် ဆယ်နှစ်ကြာရင် အရေးပါဦးမလား??? အမြဲပြောင်းလဲနေတဲ့ ခေတ်ထဲမှာ မိတ်ဆွေတို့ ဘယ်ကိုစတင် ပြင်ဆင်ထားသင့်သလဲ???

  • Writer: Steve Htet
    Steve Htet
  • Jun 5
  • 2 min read

Updated: Jul 11

ree

မိတ်ဆွေတို့ အနာဂါတ်ကိုတွေးပြီး စိတ်ပူဖူးသလား???

ဒီ Post က အဲ့ဒီမေးခွန်းတွေရဲ့ အဖြေကောင်းတွေကို မျှဝေပေးသွားမှာပါ။ အဓိကအားဖြင့် အနာဂါတ်အတွက် ပြင်ဆင်ထားနိုင်တဲ့ နည်းလမ်းကောင်တွေကို ရှင်းပြပေးသွားမှာပါ။

အဲဒီနည်းလမ်းကောင်းကိုသုံးပြီး တောင့်တင်းတဲ့ အနာဂါတ်ကောင်းတစ်ခုကို မိတ်ဆွေတို့နဲ့ အတူတည်ဆောက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့က တအားကြီး အရေးကြီးပါတယ်။

***အခု အလုပ်အကိုင်တွေဟာ အရှိန်နဲ့ ပျောက်ကွယ်နေပါတယ်***

၂၀၂၅ ခုနှစ်တစ်နှစ်တည်းမှာတင် AI ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေခံအဆင့် အလုပ်အကိုင် များစွာကို အစားထိုးလိုက်ပါတယ်။ ဒီလို အလားတူ အခြေအနေတွေဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေပါတယ်။

- Customer Service ကနေ Data Entry

- Copywriting ကနေ Software Testing စသည့် ထပ်တလဲလဲလုပ်ရတဲ့ အလုပ်တွေဟာ အလိုအလျောက် AI တွေနဲ့ အစားထိုးခံနေရပါတယ်။ အဲ့ဒီအလုပ်တွေဟာ ဘွဲ့ရသစ်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး လုပ်ကိုင်လေ့ရှိတဲ့ အလုပ်တွေလည်း ဖြစ်ပါတယ်။

အထူးသဖြင့် White-Collar အလုပ်တွေတောင် မလွတ်ကင်းပါဘူး။ အဆင့်မြင့်စီးပွားရေးနိုင်ငံတွေမှာ အလုပ် ၆၀% က အန္တရာယ်ရှိနေပါတယ်။ AI က အလုပ်အသစ်တွေ ဖန်တီးနိုင်ပေမယ့် အဲ့ဒီ အလုပ်သမား ၆၀% ကျော်ကို အလုပ်အသစ်တွေလုပ်နိုင်ဖို့ လုံလောက်တဲ့ အကူအညီတွေ မရှိ‌သေးပါဘူး။ အစိုးရတွေက သူတို့နိုင်ငံသားတွေ အလုပ်အသစ်တွေလုပ်နိုင်ဖို့ နဲ့ ရှိတဲ့အလုပ်ဟောင်းတွေကို သူတို့နိုင်ငံသားတွေ အတွက်ကာကွယ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခြေအနေက အများကြီးပိုပြီးခက်ခဲလာတယ်။ အန္တရာယ်လည်းပိုပြီး ရှိလာတယ်။

ဒါဆို မိတ်ဆွေတို့အတွက် ရွေးချယ်စရာလမ်းက ဘာလဲ???

စင်္ကာပူက လွတ်လပ်ရေးရပြီးတာနဲ့ အလားတူ ခက်ခဲတဲ့ အန္တရာယ် အများကြီးကို ကျော်လွှာခဲ့ရပြီး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တယ်။ စင်္ကာပူရဲ့ သင်ခန်းစာက မိတ်ဆွေတို့အတွက် နည်းလမ်းကောင်းတစ်ခုကို နားလည်စေနိုင်ပါတယ်။

စင်္ကာပူဟာ အပြောင်းအလဲကို စောင့်မနေပါဘူး။ ကြိုတင်ပြင်ဆင်ပါတယ်။ စင်္ကာပူရဲ့ စီးပွားရေးဟာ Pillar (၄) ရပ်ပေါ် အမြဲအခြေခံထားပါတယ်။ အခုအခါမှာ

၁. **ကုန်သွယ်ရေး**

၂. **စီးပွားရေးလုပ်ငန်း**

၃. **ထုတ်လုပ်မှု**

၄. **ဝန်ဆောင်မှု** ကို အခြေခံထားပါတယ်။

ဒီ Pillar (၄) ရပ်တွေနဲ့အတူ Reserve ဆိုတဲ့ Pillar တစ်ခု၊ အားလုံးပေါင်း ၅ခုကို စနစ်တကျသုံးပြီး အခက်အခဲတွေကို အမြဲကျော်လွှာနိုင်ခဲ့တယ်။ အခွင့်အလမ်းကောင်းတွေ အောင်မြင်မှုတွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်လေ့လာထားသလောက်က Pillar တစ်ခု၊ နှစ်ခုထဲနဲ့ မရပ်တည်နိုင်ဘူး။

ခုံတစ်ခုလိုဘဲ ရပ်တည်ဖို့ Pillar သုံးခုလိုတယ်။

ရေရည်ရပ်တည်ဖို့ Pillar လေးခုလိုတယ်။ လေးခုရှိမှ တစ်ခုကို ပျက်တဲ့အခါ ပြင်ဆင်နိုင်မှာ။

ရေရည် အောင်မြင်နိုင်ဖို့ Pillar ငါးခုလိုတယ်။ Pillar လေးခုနဲ့ရပ်တည်နေတဲ့ အချိန်မှာ Pillar တစ်ခုက အောင်မြင်ဖို့ စွန့်စားနိုင်ပါတယ်။

အဲ့ဒီ Pillar ငါးခု ဥပမာကိုသုံးပြီး ကျွန်တော် စင်္ကာပူမှာ အခက်အခဲတွေကို ကျော်လွှာ ရပ်တည် စွန့်စား အောင်မြင်နိုင်ခဲ့တယ်။ အဲ့ဒီ Pillar ငါးခုက

၁) Mindset (စိတ်ထားနည်းလမ်း)

၂) Knowledge (အသိပညာ)

၃) Habits (အလေ့အကျင့်)

၄) Network (အသိုင်းအဝိုင်း)

၅) Purpose (ရည်ရွယ်ချက်)

အဲ့ဒီ Pillar ငါးခုနည်းလမ်းကိုသုံးပြီး စင်္ကာပူမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကို Empower လုပ်ဖို့ Feb 2025 မှာစတင်ခဲ့တယ်။

ကျွန်တော့်အဖွဲ့က စင်္ကာပူမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကို Mindset နဲ့ Knowledge Pillar တို့တည်ဆောက်နိုင်အောင် Facebook ပို့စ်တွေကို Feb 2025 ကစတင် မျှဝေပေးခဲ့တယ်။ အခု Habits နဲ့ Community Pillar တို့ကို တည်ဆောက်နိုင်အောင် Empowerment Challenge Program ကို စီစဥ်နေပါတယ်။ အဲ့ဒီ Program ကို Jul 2025 မှာ စတင်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီ Pillar လေးခုနဲ့ မိတ်ဆွေတို့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ (Purpose Pillar) နဲ့ ပေါင်းဆက်လိုက်ရင် မိတ်ဆွေတို့ အနာဂတ်ကောင်းတစ်ခုကို ပိုပြီးအောင်မြင်အောင် တည်ဆောက်လာနိုင်ပါတယ်။

### အခုအချိန်မှာ ဘာကြောင့် အရေးကြီးတာလဲ?

AI ဟာ အလုပ်တွေကိုပဲ ပြောင်းလဲနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နေထိုင်ပုံ၊ တွေးခေါ်ပုံ၊ အသက်ရှင်သန်ပုံတွေကိုပါ ပြောင်းလဲနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ရင် အခက်အခဲတွေကို ကျော်လွှာပြီး စွန့်စားအောင်မြင်နိုင်တယ်။ အလုပ်အကိုင်သန်းပေါင်းများစွာ ပျောက်ကွယ်နေပေမယ့် အဆင်သင့်ဖြစ်နေတဲ့ အသိုင်းအဝိုင်းတွေ အတွက် ပိုမိုကောင်းတဲ့ အလုပ်အသစ်ကောင်းတွေ အခွင့်အရေးကောင်းတွေကို ရယူနိုင်ပြီး ပိုပြီးအောင်မြင်လာနိုင်ပါတယ်။

အဲ့ဒီ Empowerment Challenge Program ကို မိတ်ဆွေတို့ အခမဲ့ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့ အတူတကွ အားကောင်းတဲ့ မြန်မာအသိုင်းအဝိုင်းတစ်ခုကို စင်္ကာပူမှာ တည်ဆောက်နိုင်မယ်လို့လည် မျှော်လင့်ပါတယ်။ မိတ်ဆွေတို့ Empowerment Challenge Program ကိုစိတ်ဝင်စားရင် ဆက်သွယ် စာရင်းသွင်းထား နိုင်ပါတယ်။

ဒီ Empowerment Challenge Program ကလူများများပါဝင်မှ အောင်မြင်နိုင်တာကြောင့် ကျွန်တော်တို့ အသင်းက မိတ်ဆွေတို့ကို အကူအညီ ၂ခု တောင်းပါရစေ။

၁. **ဒီပို့စ်ကို Like & Share ပေးပါ** - ဒီစာကို ကြားဖို့လိုနေတဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေဆီ ဖြန့်ဝေပေးပါ။

၂. **comment ပေးပါ** - မိတ်ဆွေတို့ရဲ့အကြံပြုချက်တွေ၊ မေးခွန်းတွေကို comment မှာ ရေးခဲ့ပေးပါ။ အဲ့ဒါမှ ကျွန်တော်တို့ အသင်းက ပိုမိုကောင်းမွန်စွာ စီစဥ်နိုင်မှာဖြစ်ပါတယ်။

 
 
 

Comments


bottom of page