top of page

လစာနည်းနည်းတိုးလာပေမယ့် Private University ဘွဲ့ရတွေရဲ့ ထက်ဝက်အောက်က အချိန်ပြည့်အလုပ်ရှာလျက်ရှိကြတယ်

  • Writer: Steve Htet
    Steve Htet
  • May 29
  • 1 min read
ree

စင်ကာပူရဲ့စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းနဲ့ Hiring Demand လျော့နည်းလာခြင်းတွေကြောင့် 2024 ခုနှစ်မှာ Private Uni တွေကနေဘွဲ့ရပြီးသူ ထက်ဝက်အောက်လောက်သာ အချိန်ပြည့်အလုပ်ရရှိခဲ့ကြတယ်

April 26 မှာ SkillsFuture Singapore ကနေထုတ်ပြန်တဲ့ Private University ထွက်ကျောင်းသားကျောင်းသူတွေအလုပ်ရရှိမှုစစ်တမ်းအရ 2023 ရဲ့ 58.7 ရာခိုင်နှုန်းနဲ့နှိုင်းယှဥ်ရင် ဘွဲ့ရပြီးသူတွေရဲ့ 46.4 ရာခိုင်နှုန်းသာအချိန်ပြည့်အလုပ်ရရှိခဲ့ကြတယ်။

ဘွဲ့ရသူအများစုက အချိန်ပိုင်း သို့မဟုတ် ယာယီအလုပ်တွေနဲ့သာလုပ်ကိုင်နေကြရတယ်။ 2023 က 18.9 ရာခိုင်နှုန်းရှိခဲ့ရာကနေ 24.2 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်။ ဘွဲ့ရပြီး freelance လုပ်နေသူအရေအတွက်ကလဲ 4.2 ရာခိုင်နှုန်းကနေ 5.7 ရာခိုင်နှုန်းထိမြင့်တက်လာတယ်။

2024 တွင် ယေဘုယျအားဖြင့်၊ အလုပ်လုပ်ကိုင်နေတဲ့ / အလုပ်မရှိလို့ အလုပ်ရှာဖွေနေကြရတဲ့ ဘွဲ့ရ 2,300 မှာ 74.8 ရာခိုင်နှုန်းသာ ဘွဲ့ရပြီး6လအတွင်း permanent / freelance သို့မဟုတ် အချိန်ပိုင်းအလုပ်များ ရရှိခဲ့ပြီး 2023 ခုနှစ်က 83.2 ရာခိုင်နှုန်းမှ ကျဆင်းခဲ့ရတယ်။

Positive ပြောရရင်တော့ 2023 ခုနှစ်မှာ အချိန်ပြည့်အလုပ်လုပ်ကိုင်သူတွေရဲ့ ပျမ်းမျှလစာက $3,400 မှ 2024 ခုနှစ်မှာ $3,500 အထိ တိုးလာတယ်။ စီးပွားရေးနှင့် နည်းပညာ အပါအဝင် ဘွဲ့တွေပေးတဲ့ Parkway Nursing and Allied Health College နှင့် ERC Institute အတန်းသားတွေဟာ တစ်လကို အမြင့်ဆုံးလစာ ဒေါ်လာ 4000 ရကြတယ်။ SIMကျောင်းဆင်းတွေက ဒေါ်လာ 3600 ရကြတယ်။

အစိုးရတက္ကသိုလ်တွေဖြစ်တဲ့ NTU နဲ့ NUS ဘွဲ့ရသူတွေကတော့ 2024 ခုနှစ်မှာ ရရှိတဲ့ အလုပ်အကိုင်ဆိုင်ရာ သုံးသပ်ချက်စစ်တမ်းအရ ပျမ်းမျှ လစာ ဒေါ်လာ 4500 ကနေ စပြီးတော့ရကြတယ်။ အဲဒီ့ စစ်တမ်းရလဒ်တွေကို 2024 ခုနှစ် ဖေဖော်ဝါရီလတုန်းက ဖော်ပြခဲ့တာဖြစ်တယ်။

အစိုးရတက္ကသိုလ်တွေကနေ ဘွဲ့လက်မှတ်ရသူတွေအနက် 79.5 ရာခိုင်နှုန်းသာ ဘွဲ့ရပြီး6လအတွင်း အချိန်ပြည့်အလုပ် ရှာလို့ရပြီးတော့ 6 ရာခိုင်နှုန်းက အချိန်ပိုင်း ဒါမှမဟုတ် ယာယီအလုပ်တွေလုပ်နေကြရပြီး 1.6 ရာခိုင်နှုန်းက Freelance အနေနဲ့ လုပ်ကိုင်ကြတယ်

စင်ကာပူတွင် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ ကျွန်ုပ်တို့၏ empowerment challenge တွင် စာရင်းမှတ်ပေးရန် အောက်ပါလင့်ခ်တွင် register ပါ။

 
 
 

Comments


bottom of page