top of page

🌏 အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်

  • Writer: Steve Htet
    Steve Htet
  • Apr 19
  • 1 min read

ree

🌏 အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ် လောင်ကျွမ်းမှုမြင့်မား နေပါပြီ။ စင်္ကာပူမှာနေထိုင်တဲ့ မြန်မာအဖွဲ့အစည်းအတွက် သတိထားဖို့ အရေးကြီးပါတယ်။

လတ်တလောမှာ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ် ပြင်းပြလာပါတယ်။ ဒါဟာ ကုန်သွယ်မှုသာမက တခြားနယ်ပယ်တွေမှာပါ သက်ရောက်မှုရှိလာပါတယ်။


🇨🇳 တရုတ်က ဦးစွာအနေဖြင့် Boeing လေယာဉ်အသစ်တွေ ဝယ်ယူတာကို ရပ်ဆိုင်းလိုက်ပါတယ်။ အမေရိကန်က ထုတ်လုပ်တဲ့ လေယာဉ်အစိတ်အပိုင်းတွေလည်း မဝယ်တော့ဘူးလို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အကြီးဆုံး တင်ပို့ကုန်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Boeing အတွက် ဆိုးရွားတဲ့ သတင်းပါပဲ။


🇺🇸 တစ်ဖက်မှာတော့ အမေရိကန်က တုန့်ပြန်ပြီး တရုတ်အိမ်တွင်းမှာ တည်ဆောက်ထားတဲ့ သင်္ဘောတွေ ကို သူတို့ဆိပ်ကမ်းတွေကိုရောက်တဲ့အခါမှာ အခကြေးငွေသစ်တွေ ရိုက်ချပါမယ်လို့ ကြေညာခဲ့ပါတယ်။ တစ်နှစ်လျှင် တစ်စင်းကို သန်းချီကျသင့် နိုင်ပါတယ်။

ဒီလှုပ်ရှားမှုတွေက သာမန်အရောင်းအဝယ်မဟုတ်တော့ပဲ မဟာမိတ်ရေးရာနဲ့ စီးပွားရေးအာဏာပိုင်မှုတွေကို ချီတက်လာတဲ့ စစ်မျိုးဖြစ်လာပါပြီ။


🧠 Trump ရဲ့ နည်းလမ်း ကတော့ အဆင့် လေးဆင့်သုံးပြီး ညှိနှိုင်းနေတာပါ။

၁) ပြင်းပြတဲ့ တောင်းဆိုမှုနဲ့စတင်

၂) အချက်အလက်အများကြီးနဲ့ တဖတ်သူကို ရှုပ်ထွေးအောင်လုပ်

၃) ပေးယူမှုနည်းနည်းလုပ်ပြီး လိုချင်တာကိုရအောင်တောင်း

၄) နှစ်ဖက်စလုံး က ပေးယူမှုနဲ့ လိုချင်တာရတယ်လို့ ကြေငြာ


🎯 တရုတ်ကတော့ “GO ဂိမ်းနည်းဗျူဟာ” သုံးနေတာပါ။ ကိုယ့်အတွက် အလားအလာသစ်တွေဖွင့်ပြီး အမေရိကန်အတွက် နည်းလမ်းတွေ ကန့်သတ်နေပါတယ်။ President Xi က မလေးရှားနဲ့ အာဆီယံနိုင်ငံတွေကို သွားလည်ပြီး တရုတ်အာဏာ တိုးချဲ့နေပါတယ်။


🧭 စင်္ကာပူနဲ့ မြန်မာလူမှုအဖွဲ့အတွက် သက်ရောက်နိုင်တဲ့ အချက်တွေ

စင်္ကာပူဟာ စစ်ရေး၊ မဟာမိတ်ရေးမှာ အမေရိကန် ကို မှီခိုရင်း စီးပွားရေးမှာ တရုတ် ကို အားထားနေတာပါ။ အမေရိကန်ကို နိုင်ငံတကာ စစ်ရေးအခန်းကဏ္ဍမှာ အားထားလို့မရရင် စင်္ကာပူနဲ့ အာဆီယံ တို့ဟာ တရုတ်ကို ပိုမိုလိုက်နိုင်တဲ့ အခြေအနေဖြစ်လာပါလိမ့်မယ်။


💡 အကြံပြုချက်များ

✅ 1. နိုင်ငံတကာသတင်းကို အမြဲနားထောင်ထားပါ။

ကုန်ဈေးနှုန်း၊ အလုပ်အကိုင် အခြေအနေ၊ စီးပွားရေးအခြေအနေကို တိုက်ရိုက်သက်ရောက်ပါတယ်။

✅ 2. လုံခြုံတဲ့နယ်ပယ်တွေမှာ ကျွမ်းကျင်မှုတိုးပါ။

AI, sustainability, ကျန်းမာရေးနဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်မှု ကဲ့သို့သော နယ်ပယ်တွေမှာ ကြိုးစားပါ။

✅ 3. ဒေသတွင်းကွန်ယက်တွေ တည်ဆောက်ပါ။

တရုတ်တစ်ခုသာမက အာဆီယံ၊ အိန္ဒိယနဲ့ပါ ဆက်ဆံရေးတွေ တည်ဆောက်ထားဖို့ အရေးကြီးပါတယ်။


🌱 နိဂုံးချုပ်

သတိရှိမှု၊ ဉာဏ်နဲ့ ပြောင်းလဲနိုင်မှု သုံးခုရှိရင် ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကြားမှာ အခွင့်အရေးကောင်းတွေ ကို အသုံးပြုပြီး တိုးတက်နိုင်ပါတယ်၊ ကြီးပွားနိုင်ပါတယ်။

 
 
 

Comments


bottom of page