top of page

#Negotiation ညှိနှိုင်းကျွမ်းကျင်မှု

  • Writer: Steve Htet
    Steve Htet
  • Jun 9
  • 1 min read
ree

ဘဝမှာ ကျွန်တော်တို့ ခံစားထိုက်တာကို အလိုလို မရပါဘူး။ ကျွန်တော်တို့ ညှိနှိုင်းကျွမ်းကျင်မှုပေါ် မှုတည်ပြီး ရပါတယ်။

လစာဆွေးနွေးတာ၊ အိမ်ရှင်ကို ပြင်ဆင်ခိုင်းတာ၊ အလုပ်မှာလုပ်စရာတွေကို ညှိနှိုင်းတာက နေ့စဉ်ဘဝမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုကြီးတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီ ကျွမ်းကျင်မှုကို – မြန်မာနိုင်ငံမှာ စနစ်တကျ မသင်ကြားခဲ့ရပါဘူး။

မြန်မာနိုင်ငံမှာ အများအားဖြင့် နည်းလမ်း (၃)မျိုးကိုသာ အသုံးပြုလေ့ရှိပါတယ်။

၁။ ဆင်ခြင်တုံတရားနဲ့ ညှိနှိုင်းတာ – တရားမျှတမှုကို အခြေခံပြီး ဆွေးနွေးတာ။ လူတိုင်ကိုယ်စီ ထင်မြင်ယူဆချက်ရှိတဲ့အတွက် မြန်မာအချင်းချင်း စကားများရတဲ့ အဓိက အ‌ကြောင်းအရင်းပါ။

၂။ အသက်အရွယ်၊ ရာထူးကို အသုံးချတာ – အသက်ကြီးမှု၊ ရာထူးအရ အာဏာသုံးတာ။ လူငယ်တွေ လူတော်တွေ လက်မခံနိုင်တဲ့ အဓိက အ‌ကြောင်းအရင်ပါ။

၃။ ဒေါသထွက်ပြီး ဆွေးနွေးတာ – အသံမြှင့်ပြီး စိတ်မရှည်မှုကို ပြသတာ။ စကားများ ရန်ဖြစ်ရတဲ့ အဓိက အ‌ကြောင်းအရင်ပါ။

ဒါပေမယ့် ဒီနည်းလမ်းတွေက မြန်မာနိုင်ငံ အပြင်ဘက်၊ အထူးသဖြင့် စင်္ကာပူလို နိုင်ငံမျိုးမှာ အလုပ်မဖြစ်ပါဘူး။ စင်္ကာပူလို နိုင်ငံမျိုးမှာ ကျောင်းတွေ၊ အလုပ်ခွင်တွေမှာ စကားရည်လုပွဲ၊ ကျင်းပလေ့ရှိပြီး သဘောထားကွဲလွဲမှုကြားက ညှိနှိုင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးထားတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေကို နည်းနည်းသာ ကြုံဖူးတဲ့အတွက် ကျွန်တော်တို့အများစုက နိုင်ငံခြားသားတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ၊ ကိုယ့်အခွင့်အရေးအတွက် အသံမထွက်ရဲတာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကို ပြောင်းလဲဖို့လိုပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာ့အဆင့်မီ ညှိနှိုင်းနည်းတွေရဲ့ အခြေခံသဘောတရားတချို့ကို မျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေတို့ အတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

၁။ ပြင်ဆင်မှုက အဓိကဖြစ်တယ်

ညှိနှိုင်းမယ့်အချိန်မတိုင်ခင် ဒီ (၃) ချက်ကို ကြိုပြင်ထားပါ –

က) BATNA (Best Alternative To a Negotiated Agreement) – ဒီသဘောတူညီချက် မအောင်မြင်ရင် သင့်မှာ နောက်ထပ် ဘယ်ရွေးချယ်စရာရှိလဲ? ဥပမာ – သုံးထားတဲ့ နာရီ ဝယ်မယ်ဆိုရင် Carousell မှာ အခြားတစ်လုံးကို ဒေါ်လာ ၁၀ ပိုပေးပြီး ဝယ်လို့ရတာမျိုး။

ခ) အချက်အလက်နဲ့ စံနှုန်းများ – ဈေးကွက်နှုန်းထား၊ ပုံမှန်အလေ့အထ စံနှုန်းများ၊ အလားတူ အခြားသူတွေရဲ့ လုပ်နည်းများကို သိထားပါ။

ဂ) အနေအထား – တန်းတူ (သို့) နည်းနည်းသာတဲ့ အနေအထားမှာ နေရာယူထားပါ။ ဥပမာ – လစာတိုးတောင်းမယ်ဆိုရင် အလုပ်ရှင်ဆီ မသွားခင် အခြားရွေးချယ်စရာတွေကို ရှာဖွေထားပါ။

၂။ ညှိနှိုင်းမှု အစပြုခြင်းနှင့် သတင်းရှာဖွေခြင်း

ဒီအဆင့်မှာ စကားစပြောပြီး ယုံကြည်မှုတည်ဆောက်ကာ တခြားသူရဲ့ အဓိက ဦးစားပေးမှုကို နားလည်အောင် မေးမြန်းပါ။ ဈေးနှုန်းတစ်ခုတည်းမဟုတ်ဘဲ အချိန်၊ လေးစားမှု၊ အားထုတ်မှု၊ အနာဂတ် ဆက်ဆံရေးတွေလည်း ပါဝင်နိုင်ပါတယ်။

🔑 အရေးကြီးတာက – သင့်ရဲ့ အားနည်းချက်တွေကို မပြောမိပါစေနဲ့။ “ကျွန်တော်တို့ အရမ်းလိုနေတယ်”၊ “ကျွန်တော့်တို့မှာ အခြားရွေးချယ်စရာမရှိဘူး” ဆိုတာမျိုး မပြောမိပါစေနဲ့။

၃။ ဈေးဆစ်ခြင်းနှင့် အဆုံးသတ်ခြင်း

လုံးလောက်အောင် နားလည်အောင် လုပ်ပြီးပြီဆိုရင် –

မိတ်ဆွေတို့ ပြင်ဆင်ထားတာနဲ့ သိထားတာကို အခြေခံပြီး အဆိုပြုချက်ကို တင်ပြနိုင်ပါတယ်။

လှည့်ကွက်နဲ့ လဲလှယ်ပါ – တစ်ခုပေးရင် တစ်ခုပြန်တောင်းပါ။ ဒါမှ ဘက်ညီပြီး မျှတမှာပါ။

ရှင်းရှင်းလင်းလင်း အတည်ပြုပါ – နားလည်မှုလွဲတာနဲ့ နောက်ဆုံးမိနစ်မှာ အခြေအနေပြောင်းတာတွေ မဖြစ်အောင် သဘောတူညီချက်ကို စာနဲ့ရေးမှတ်ထားပါ (သို့) အတည်ပြုပါ။

ကောင်းစွာ ညှိနှိုင်းတတ်တဲ့ လူ့အဖွဲ့အစည်းကသာ ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။

ညှိနှိုင်းတတ်ခြင်းက မိတ်ဆွေတို့ကို ပိုအနိုင်ရစေရုံသာမက ဘဝမှာ ပိုယုံကြည်မှုရှိစေနိုင်ပါတယ်။ ဒါမှာသာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးစေနိုင်ပါတယ်။

ဈေးသည်တွေ၊ အခန်းဖော်၊ ဖောက်သည်၊ အလုပ်တွေမှာ စပြီး လေ့ကျင့်ပါ။ တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့ ပိုပြီး ကျွမ်းကျင်အောင် ကြိုးစားပါ။

ပိုကောင်းတဲ့ ကျွမ်းကျင်မှုရှိမှ အချင်းချင်းကူညီနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေးတတ်အောင် သင်ကြားပေးခဲ့တဲ့ စနစ်ကနေ လာခဲ့ကြတာ မဟုတ်ပေမယ့် အခုကစပြီး သင်ယူလို့ရပါတယ်။ ဒီကျွမ်းကျင်မှုက ကိုယ့်ဘဝ ကိုယ့်အသိုင်းအဝန်း ကိုယ့်အဆင့်အတန်း အရာအားလုံးကို ပြောင်းလဲစေနိုင်ပါတယ်။

Comments


bottom of page