top of page

စင်ကာပူမှာ အလုပ်အကိုင်တိုးတက်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ချင်ပါသလား?

  • Writer: Steve Htet
    Steve Htet
  • Apr 23
  • 1 min read

ree

အနှစ် ၂၂ ကြာ အတွေ့အကြုံရှိသူဆီက လေ့လာ လေ့ကျင့် နိုင်ပါတော့မယ် — မိတ်ဆွေတို့အတွက် အစီအစဥ်တွေကို July လမှာစတင်ဖို့ စီစဥ်ထားပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေမှ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တဲ့ နည်းလမ်း‌တွေကို မျှဝေရုံသာမက လက်တွေ့ကတဲ့ စနှစ်တွေကိုပါ မျှဝေပေးသွားမှာပါ။

ကျွန်တော့်ဘဝကို အဆင့် ၅ ဆင့်ခွဲခြားထားတယ်။

ပထမအဆင့်မှာ ကျွန်တော်က စင်္ကာပူမှာ ပညာသင်မြန်မာကျောင်းသား၊ ပိုလီတက္ကနစ်မှာ ပညာသင်နေတဲ့အဆင့်။ ဒီအဆင့်မှာ မိသားစုကို ငွေကြေးအားထားရပြီး စနစ်အသစ်ကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့ရတယ်။

ဒုတိယအဆင့်မှာ ပထမဆုံးအလုပ်။ ကျွန်တော့်အတွက်တော့ Technician အဖြစ် အလုပ်စဝင်ခဲ့တယ်။ ဒီအဆင့်မှာ အချိန်ပြည့်အလုပ်လုပ်ရင်း အချိန်ပိုင်းကျောင်းစတက်ကာ မိသားစုကို အနည်းငယ်စတင် ပံ့ပိုးနိုင်တဲ့အဆင့်ပါ။ Time Management က အရေးကြီးတယ်။

ငါးနှစ်ကြာပြီးနောက် တတိယအဆင့် အလုပ်အကိုင်လမ်းကြောင်းရှာဖွေမှု စတင်တယ်။ အင်ဂျင်နီယာ၊ သုတေသီ (သို့) စီးပွားရေးလုပ်ငန်းရှင်အဖြစ် အခွင့်အလမ်းတွေ စမ်းသပ်နိုင်တဲ့အဆင့်။ ဒီအဆင့်မှာ မိသားစုကို ပိုပြည့်ဝစွာ ထောက်ပံ့နိုင်လာပြီး ကိုယ့်ရဲ့အားသာချက်တွေ၊ အလားအလာတွေကို စတင်ရှာဖွေနိုင်တယ်။ စာတွေ့ကို လက်တွေ့ အသုံးချတက်ဖို့ ဇွဲ့ရှိဖို့ က အရေးကြီးတယ်။

စတုတ္ထအဆင့်မှာ ဦးဆောင်မှုနဲ့ ဝင်ငွေမြှင့်တင်နိုင်မှု ဖြစ်တယ်။ ဒီအဆင့်မှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေနဲ့ အတွေးအခေါ်တွေကို ပေါင်းစပ်ပြီး သူများအတွက် အဖွဲ့တွေ တည်ဆောက်တာ၊ အပြောင်းအလဲကို ဦးဆောင်ပေးရင် ကိုယ့်ရဲ့ ဝင်ငွေမြှင့်တင်နိုင်တယ်။ ငွေကြေးတည်ငြိမ်မှုရလာတဲ့အတွက် မိသားစုအနာဂတ်အတွက် စီစဉ်နိုင်တဲ့အဆင့်ပါ။

အခုဆိုရင် ပဉ္စမအဆင့် ချမ်းသာကြွယ်ဝမှုနဲ့ အသိုင်းအဝိုင်းတည်ဆောက်သူ ဖြစ်လာတဲ့အဆင့်။ ဒီအဆင့်မှာ ငွေကြေးတစ်ခုတည်းမဟုတ်ဘဲ အခြားသူတွေကို မြှင့်တင်ပေးဖို့ အသုံးချတတ်ဖို့ အရေးကြီးတယ်။

🔸 ကျွန်တော်ကိုယ်တိုင် နောက်ဆုံးအဆင့်ကို မရောက်သေးပါဘူး။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုမေးခဲ့တယ် — ဒီနေ့ ဘာတွေမျှဝေပေးနိုင်မလဲ?

✅ မိတ်ဆွေတို့အတွက် ပိုမြန်မြန်တိုးတက်စေဖို့ ကျွန်တော့်အတွေ့အကြုံတွေကို မျှဝေနိုင်တယ်

✅ မိတ်ဆွေတို့အတွက် လက်တွေ့လုပ်ဆောင်နိုင်အောင် စနှစ်တွေဖန်တီးပေးနိုင်တယ်

✅ မိတ်ဆွေတို့နဲ့ အတူအနာဂဏ်ကောင်းတဲ့ မြန်မာအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်တယ်


မကြာမီ စတင်တော့မယ်။ ပါဝင်ရန် စိတ်ဝင်စားရင် စာရင်းပေးသွင်းဖို့ https://forms.office.com/r/bZ3Yc1ctsq

Comments


bottom of page