top of page

🚀 အလုပ်အကိုင်မှာ တိုးတက်ချင်ပေမယ့် ဘယ်ကစရမှန်းမသိဘူးလား?

  • Writer: Steve Htet
    Steve Htet
  • Apr 18
  • 1 min read

ree

မိတ်ဆွေတို့ အခုလက်ရှိအလုပ်မှာ ဘယ်လောက်ကြာပြီလဲ? လပိုင်းလား? နှစ်ချီနေပြီလား? တခြားသူတွေ တက်သွားတာကို ကြည့်ပြီး ကိုယ်ကအရင်နေရာမှာပဲ ညပ်နေသလိုခံစားနေရတာမျိုးရှိပါသလား? ဒါမျိုးဆို မိတ်ဆွေတို့တစ်ယောက်ထဲမဟုတ်ပါဘူး။စင်ကာပူမှာရှိတဲ့ ကျွန်တော်တို့ မြန်မာအသိုင်းအဝိုင်းထဲက လူအများကလည်း တိုးတက်ချင်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိကြပါဘူး။

ဒါဆို ဘာလုပ်ရမလဲ?

အရေးကြီးဆုံးကတော့ Skill တွေကို မှန်မှန်ကန်ကန် တည်ဆောက်ဖို့ပါပဲ။

မိတ်ဆွေတို့ရဲ့အလုပ်အကိုင်ကို ကိုယ်တိုင်ထိန်းချုပ်ပြီး Skill တွေတက်လာအောင် လုပ်ဆောင်နိုင်မယ့် အဆင့် ၃ ဆင့် ရှိပါတယ်။


🔍 နံပါတ် ၁ က ဘာ Skill တွေလိုအပ်လဲ သိအောင်လုပ်ပါ။

ခဏလောက် အချိန်ယူပြီး စဉ်းစားကြည့်ပါ။ မိတ်ဆွေတို့အလုပ်မှာ ပိုတိုးတက်ဖို့ အရေးကြီးဆုံး Skill ၃ ခု ကဘာတွေဖြစ်မလဲ? မှန်းကြည့်တာမျိုးမဟုတ်ဘဲ၊ မိတ်ဆွေတို့နဲ့အတူတူအလုပ်လုပ်နေတဲ့ အောင်မြင်နေတဲ့သူတွေကို ကြည့်ပြီး သူတို့မှာဘာတွေတတ်ထားလဲ ဆန်းစစ်ကြည့်ပါ။

ဥပမာ— Office အလုပ်လုပ်နေရင်

✅ Communication & Presentation skills – Meeting တွေမှာ ရှင်းရှင်းလင်းလင်း ပြောတတ်ဖို့

✅ Data Analysis – Data ကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေကောင်းကောင်းချတတ်ဖို့

✅ Project Management – အလုပ်တွေကို စနစ်တကျ စီမံနိုင်ဖို့" စတာတွေ လိုအပ်ပါတယ်။


🎯 နံပါတ် ၂ က အလွယ်ဆုံးကနေ စပါ။

အများစုလုပ်မိတဲ့အမှားတစ်ခုက အကုန်လုံးကိုတစ်ပြိုင်နက်လုပ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာ လက်လျှော့လိုက်တာပါဘဲ။ ဒီလိုမဟုတ်ဘဲ၊ မိတ်ဆွေတို့ စာရင်းထဲက အလွယ်ကူဆုံး Skill တစ်ခုကိုအရင်ရွေးပြီး လုပ်ကြည့်ပါ။ ဒါက ယုံကြည်မှုနဲ့ အရှိန်ကိုတဖြည်းဖြည်းတက်စေပါတယ်။

ဥပမာ— Communication Skill တိုးတက်ချင်ရင် ဒီလိုစနိုင်ပါတယ်။

➡️ အစပိုင်း: Meeting တွေမှာ တစ်ခါဖြစ်ဖြစ် စကားဝင်ပြောကြည့်ပါ။

➡️ ပြီးရင် Online က Business Communication Course တစ်ခုခုတက်ပါ (အခမဲ့တွေလည်းရှိပါတယ်!)

➡️ ပိုပြီး ကျွမ်းကျင်ဖို့အတွက် Singapore မှာရှိတဲ့ Toastmasters Club တွေမှာ Public Speaking လေ့ကျင့်ပါ။

တစ်ခုကိုအရင် ကျွမ်းကျင်အောင်လုပ်ပြီးမှနောက်တစ်ခုကိုဆက်ပါ။ အနည်းငယ်စီအောင်မြင်မှုတွေက ကြီးမားတဲ့တိုးတက်မှုကိုဖြစ်စေပါတယ်။


🏆 ၃ က အစီအစဉ်ဆွဲပြီး လုပ်ပါ။

၆ လ၊ ၁ နှစ် ဖြစ်ဖြစ် အစီအစဥ်ဆွဲပါ။ ဘာ Skill ကိုစလုပ်ရမယ်ဆိုတာ သိပြီဆိုရင် တိတိကျကျ Action Plan လုပ်ပါ။ ဥပမာ - "Project Management တတ်အောင်လုပ်မယ်" ဆိုတာထက်:

📅 ၁-၂ လ: စာအုပ်ဖတ် / Online Course တစ်ခုတက်မယ်။

📅 ၃-၆ လ: လေ့လာထားတဲ့ အရာတွေကို လက်တွေ့အလုပ်မှာ အသုံးချမယ်။(Project တစ်ခုခုမှာ ပါ၀င်ပီး လုပ်ကြည့်မယ်။)

📅 ၇-၁၂ လ: PMP, Agile စသဖြင့် တို့လို့ Official Certification တစ်ခုခုယူမယ်။

အရေးအကြီးဆုံးက ပုံမှန်လုပ်ဖို့ပါ။ တစ်ပတ်ကို ၃၀ မိနစ်လောက်ပဲပေးရင်တောင် ရေရှည်မှာ အကျိုးကျေးဇူးကြီးမားလာမှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေအတိုင်းသာ လုပ်သွားမယ် ဆိုရင် တကယ်အလုပ်ဖြစ်မယ့် Career Growth Path တစ်ခုကို မိတ်ဆွေတို့ တည်ဆောက်နိုင်မှာလို့ ယုံကြည်ပါတယ်! 💪

Comments


bottom of page