"တချို့လူတွေ ဘာလို့ အလွယ်တကူအောင်မြင်နေရတာလဲ?"
- Steve Htet
- Apr 13
- 1 min read

"တချို့လူတွေ ဘာလို့ အလွယ်တကူအောင်မြင်နေရတာလဲ?" (တကယ်က လွယ်တာမဟုတ်ပါဘူး) 🤔
ဒီလိုလူတွေကို သတိထားမိကြမှာပါ။
✔ ဖိအားအောက်မှာတောင် အေးဆေးတည်ငြိမ်နေတတ်တယ်။
✔ အမြဲတမ်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချတတ်တယ်။
✔ ဘဝမှာ အရှေ့ရောက်နေသလို ထင်ရတယ်။
အောင်မြင်တာက မှန်ကန်တဲ့စိတ်ဓာတ်၊ အတွေးအခေါ်တွေရှိတာက စပါတယ်။
"ငွေကရှာရခက်တယ်"
"အခွင့်အလမ်းတွေရှားတယ်"
“အောင်မြင်မှုက ကံကောင်းမှရတာ” စသဖြင့် ကျွန်တော်တို့ အများစုက ဒီလိုမျိုးတွေကို ကြားပြီး ကြီးပြင်းလာခဲ့ရတယ်။
ဒါတွေက ချို့တဲ့တဲ့ တွေးခေါ်မှု (Scarcity Mindset) ပါ။ ဒီလိုတွေးနေသရွေ့ ကြောက်စိတ်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ပဲ နေရမယ်။ မလောက်မငှ ရှိတယ် လို့ ကျွန်တော်တို့ယုံကြည်လိုက်တဲ့အခါ၊ ကျွန်တော်တို့ဟာ တက်တက်ကြွကြွ မဖြစ်တော့ဘဲ တုံ့ပြန်သူတွေ ဖြစ်သွားတတ်ပါတယ်။
✅ အဲဒီအတွေးအခေါ်တွေအစား ကြွယ်ဝတဲ့တွေးခေါ်မှု (Abundance Mindset) ကိုယူပါ။
• အခွင့်အလမ်းတွေက နေရာတိုင်းမှာရှိတယ်လို့ယုံကြည်ပါ။
• မရှိသေးတာထက် ဖြစ်နိုင်တာကိုအာရုံစိုက်ပါ။
• စိန်ခေါ်မှုတွေကို သင်ခန်းစာအဖြစ်မြင်ပါ။
အဲလိုပြောင်းလဲ တွေးလိုက်ခြင်းကြောင့် ကျွန်တော်တို့ ဦးနှောက်က ပိုထက်မြက်လာတယ်။ ကျွန်တော်တို့ ပိုပြီးကောင်းတဲ့ ရွေးချယ်မှုတွေ၊ ပိုကောင်းတဲ့ စွန့်စားမှုတွေ နဲ့ ဖြစ်နိုင်ခြေအသစ်တွေကို မြင်နိုင်စွမ်းတွေ လုပ်နိုင်စွမ်းတွေ ရှိလာနိုင်တယ်။
ကျန်းမာရေးနဲ့ IQ ကလည်းဆက်စပ်နေပါတယ်။ ထက်မြက်တဲ့ အတွေးအခေါ်တွေရှိဖို့ ကျန်းမာတဲ့ ခန္ဓာကိုယ်လိုအပ်တယ်။
"ဈေးကြီးတဲ့ကားတစ်စီးကို အရည်အသွေးမကောင်းတဲ့ ဆီထည့်မှာလား။ မထည့်ကြပါဘူး။
ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့အများစုက ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဂရုမစိုက်မိကြဘူး!"
🧠 မြန်မြန်တွေးခေါပြီး ဉာဏ်ရည်ထက်မြက်စေဖို့ အတွက်
✔ ဦးနှောက်အားဆေးနဲ့ အစား (ငါး၊ အခွံမာသီး၊ ဥအမျိုးမျိုး၊ သစ်သီးများ) စားပါ။
✔ အိပ်ရေးဝဝအိပ်ပါ (၇-၈ နာရီ - အိပ်ရေးပျက်တိုင်း IQ ၅% ကျဆင်းတယ်!)။
✔ တစ်နေ့ ၁၅ မိနစ် လှုပ်လှုပ်ရှားရှားလုပ်ပါ။ (လမ်းလျှောက်တာနဲ့တင် ဦးနှောက်သွေးလှည့်ပတ်မှု ၂၀% တိုးစေတယ်)။
ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဂရုစိုက်တဲ့အခါ ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်လုပ်နိုင်တယ်။ ကျွန်တော်တို့ ပိုပြီး ခွန်အားတွေရှိလာပြီးတော့ ရွေးချယ်မှုကောင်းတွေကို လုပ်လာနိုင်ပါတယ်။
📚 သင်ယူမှုကိုမရပ်ပါနဲ့ ။
• တစ်နေ့ ၁၀မိနစ်စာ စာအုပ်ဖတ်ပါ။ (စိတ်ကူးအသစ်တွေရစေဖို့)
• အတွေးအမြင်ကျယ်သူတွေနဲ့ နက်နက်ရှိုင်းရှိုင်းဆွေးနွေးပါ။
• ကိုယ်ရဲ့တန်ဖိုးတွေကို မြင့်တင်ပေးနိုင်တဲ့ skills တွေကို လေ့လာပါ။ AI၊ ငွေးကြေးစီမံခန့်ခွဲမှု၊ ဆက်သွယ်ရေးစွမ်းရည်တွေကို အမြဲအဆင့်မြှင့်ပါ။
ထက်မြက်ပြီးတော်တဲ့သူတွေက အကုန်မသိပါဘူး။ ဒါပေမယ့် အမြဲတမ်း လေ့လာဆည်းပူး နေကြတာပါ။
🧘♂️ စိတ်ငြိမ်းချမ်းမှုရဲ့အစွမ်း -
စိတ်ဖိစီးမှုက သင့်ဉာဏ်ရည်ကို ၃၀% အထိကျဆင်းစေပါတယ်! အောင်မြင်သူတွေက အောက်က နည်းကို ကျင့်သုံးကြပါတယ်။
✔ ရှင်းလင်းမှု - ပန်းတိုင်ကို အမြဲမြင်နေပါ။
✔ ယုံကြည်မှု - "ငါဖြေရှင်းနိုင်မယ်" ဆိုတဲ့စိတ်ကိုထားပါ။
✔ အေးချမ်းမှု - အရေးကြီးဆုံးအချိန်မှာ စိတ်တည်ငြိမ်နေတတ်ခြင်းကို ကျင့်ပါ။
🔥 ကိုယ့်အနာဂတ်က ကိုယ့်လက်ထဲမှာ ရှိပါတယ်။
✔ "မရနိုင်ဘူး" အစား "ဘယ်လိုရမလဲ" လို့စဉ်းစားပါ။
✔ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အာဟာရပြည့်အောင်ထားပါ။
✔ နေ့စဉ်အသစ်တွေ သင်ယူပါ။
✔ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဗျူဟာကျကျဖြေရှင်းပါ။
💬 စာဖတ်သူတို့ ဘဝကိုပြောင်းလဲစေခဲ့တဲ့ အတွေးအမြင်တစ်ခုခု ရှိခဲ့ရင် comment မှာ မျှဝေပေးပါ! ကျွန်တော်တို့ အချင်းချင်း ဗဟုသုတတွေ ဖလှယ်ရင်း မြန်မာအသိုင်းအ၀ိုင်းကို ပိုအောင်မြင်လာအောင် အားပေးလိုက်ကြရအောင်။




Comments