top of page

"ဘွဲ့ရပြီးတာနဲ့ လစာမြင့်မြင့်ရတဲ့အလုပ်ကောင်းတစ်ခု ရချင်လား?"

  • Writer: Steve Htet
    Steve Htet
  • Apr 1
  • 1 min read
ree

လိုအပ်တဲ့သူတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့ ကျွန်တော်တို့မှာ ခိုင်မာတဲ့အနာဂါဏ်တွေရှိဖို့ နည်းမှန်လမ်းမှန်နဲ့ အမြဲကြိုးစားနေဖို့လည်း အရေးကြီးပါတယ်။ ကြိုးစားချင်တဲ့ သူတွေကို ကျွန်တော်လည်း သိသလောက် နားလည်သလောက် မျှဝေပေးသွားမှာပါ။ ဒီနေ့ကျွန်တော်မျှဝေချင်တဲ့

အကြောင်းက ဘွဲ့ရပြီးတာနဲ့ လစာမြင့်မြင့်ရတဲ့ အလုပ်ကောင်းကောင်း တစ်ခုရနိုင်တဲ့ နည်းလမ်းလေ ဖြစ်ပါတယ်။


အမှတ်ကောင်းတာတစ်ခုတည်းက အလုပ်ရဖို့ အာမခံချက် မပေးနိုင်ပါဘူး။ ဒီခေတ်မှာ ကိုယ့်ကိုယ်ကို Impression ကောင်းကောင်းရအောင် ပြောဆိုနိုင်ခြင်း၊ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ခြင်း၊ ညှိနှိုင်းဆွေးနွေးနိုင်ခြင်း၊ စတဲ့ Soft Skills တွေကလည်း အများကြီး အရေးကြီးပါတယ်။

ဥပမာပြောရရင်-

🎤 အင်တာဗျူးတစ်ခုကို ဝင်တဲ့အခါ ယုံကြည်မှုရှိရှိနဲ့ ဖြေနိုင်တာမျိုး၊

🤝 Group Project တစ်ခုကို ဦးဆောင်တဲ့အခါ ချောမွေ့စွာ ပြောဆိုနိုင်တာမျိုး၊

⏳ အချိန်စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ အလုပ်တွေကို အမြဲတမ်း လုပ်နိုင်တာမျိုး တို့ဖြစ်ပါတယ်။

ဒီ Soft Skills တွေက ကိုယ်အလုပ်ရှာတဲ့အခါမှာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဒီ Soft Skills တွေကို ကျောင်းနေကတည်းက စနစ်တကျ တည်ဆောက်ထားရင် ဘွဲ့ရတဲ့အခါ အလုပ်ရဖို့ အခွင့်အလမ်းတွေက အခြားသူတွေထက် အဆပေါင်းများစွာ ပိုရှိနေမှာပါ! 🚀


အဲ့ဒီ Soft Skills တွေကို ကျောင်းတတ်နေရင် ပိုမိုကောင်းလာအောင် စနှစ်တကျ လေ့လာ လေ့ကျင့်နိုင်တဲ့ နည်းလမ်းလေးကတော့-

✅ ပထမအဆင့် - တစ်နှစ်ကို Soft Skills ၃ ခုလောက်ကိုဘဲ ရွှေးချယ်ပါ။

Soft Skills အများကြီးကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်ဖို့ မကြိုးစားပါနဲ့။ တစ်နှစ်ကို Soft Skills ၃ခုလောက်ကိုဘဲ အာရုံစိုက်ပြီး လုပ်ပါ။ ဥပမာ -

📢 ပထမနှစ် - ဟောပြောခြင်း (Public Speaking)၊ အချိန်စီမံခန့်ခွဲခြင်း (Time Management)၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်း (Team Work)

🎯 ဒုတိယနှစ် - ခေါင်းဆောင်မှု (Leadership)၊ စကားအပြောအဆို (Communication)၊ ပြဿနာဖြေရှင်းခြင်း (Problem Solving)

💼 တတိယနှစ် - ညှိနှိုင်းဆွေးနွေးခြင်း (Negotiation)၊ စိတ်ခံစားမှုဉာဏ်ရည် (Sympathy & Empathy)၊ အလုပ်အကိုင်ကွန်ရက် တည်ဆောက်ခြင်း (Networking)

✅ ဒုတိယအဆင့် - အကောင်းဆုံးတွေဆီကနေ သင်ယူပါ

Soft Skills တွေကို စျေးချိုချိုနဲ့ သင်ယူနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဥပမာ -

📚 TED Talks တွေကြည့်ပါ - ခေါင်းဆောင်မှု၊ စကားအပြောအဆိုနည်းလမ်းတွေ

🎙 Podcast တွေနားထောင်ပါ - ညှိနှိုင်းခြင်း၊ သူတစ်ပါးကို ယုံကြည်အောင် ပြောဆိုနိုင်ခြင်း

📖 စာအုပ်တွေဖတ်ပါ - "How to Win Friends & Influence People" စာအုပ်တို့လိုမျိုး

👨‍🏫 ဆရာ၊ ဆရာမတွေနဲ့ မိမိထက်ကြီးတဲ့သူတွေဆီက အကြံဉာဏ် အတွေ့အကြုံကောင်းတွေကို တောင်းပါ

✅ တတိယအဆင့် - လေ့ကျင့်ပါ၊ လေ့ကျင့်ပါ၊ လေ့ကျင့်ပါ!

Soft Skills တွေက စာအုပ်ထဲကနေပဲ သင်လို့မရဘူး။ တကယ့်လက်တွေ့မှာ လေ့ကျင့်ဖို့လည်း လိုပါတယ်! ဥပမာ -

🎤 ဟောပြောပြသခြင်း - အတန်းထဲမှာ Presentation တွေမှာကိုယ်လေ့လာထားတာတွေကို စမ်းလုပ်ပါ၊

🤝 ညှိနှိုင်းခြင်း - အုပ်စုလိုက်ပရောဂျက်တွေမှာ သဘောတူညီချက်တွေရအောင် ညှိနှိုင်းပါ

👥 ခေါင်းဆောင်မှု - Club တစ်ခုကိုပါဝင်ပြီး ကိုယ့်တာဝန်ကို ကိုယ်ကဦးဆောင်ပြီးလုပ်ပါ။ ခေါင်းဆောင်ဖြစ်စရာ မလိုပါဘူး။ ကိုယ့်တာဝန်ပိုင်ကို အဖွဲ့ လိုက် ဆွေးနွေးပွဲတွေမှာ ဦးဆောင်ပြီးစီမံပါ။ တခြားသူတွေရဲ့ ခေါင်းဆောင်လုပ်ပုံတွေကိုလည်း သေချာလေ့လာပါ။

⏳ အချိန်စီမံခန့်ခွဲခြင်း - တစ်ပတ်စာ လုပ်စရာတွေကို ကြိုတင်စီစဉ်ပြီး အဲ့အတိုင်း ဖြစ်အောင်လုပ်ပါ။

တစ်နှစ်ပတ်လုံး ဒီစွမ်းရည်တွေကို ပုံမှန်လေ့ကျင့်ရင် ကိုယ်ကပိုပြီးကျွမ်းကျင်လာပါလိမ့်မယ် - စက်ဘီးစီးတတ်သွားသလိုမျိုးပေါ့! 🚲


🎯 မိတ်ဆွေအနာဂတ်ကို အခုကစပါ!

စလုံးမှာ အောင်မြင်တဲ့ လူတွေက Soft Skills တွေကို ကောင်းကောင်း လေ့လာကျင့်သုံးကြလိုပါဘဲ။ သတင်းကောင်းက မိတ်ဆွေတို့လည်း ဒီလို စနစ်တကျ Soft Skills တွေကို အချိန်တိုတိုနဲ့ ပိုမိုကောင်းလာအောင် လုပ်နိုင်ပါတယ်။

Comments


bottom of page